ဝန်ဆောင်မှုများ အားလုံး / ရောင်းချခြင်း
ရောင်းချခြင်း
Freeကုန်ပစ္စည်း Grid ကနေ Cart ထဲထည့်ပြီး၊ ငွေပေးချေမှုနည်းလမ်း (Cash, KBZPay, WavePay, AYAPay, CBPay, Payment Account, အကြွေး) ရွေးချယ်ကာ မိနစ်ပိုင်းအတွင်း ရောင်းချမှု တစ်ခု ပြီးမြောက်စေနိုင်ပါတယ်။ အင်တာနက်ရှိလည်း မရှိလည်း အသုံးပြုနိုင်ပါတယ်။
Free Plan တွင် အမြဲ ပါဝင်ပါသည် — Upgrade လုပ်စရာ မလိုပါ၊ Card မလိုပါ။
အဆင့်ဆင့် အသုံးပြုနည်း

ကုန်ပစ္စည်း ရွေးချယ်ပါ
ကုန်ပစ္စည်းပုံ (photo tile) တစ်ခုကို တစ်ချက်နှိပ်လိုက်တာနဲ့ Cart ထဲ ရောက်သွားပါတယ် — ထပ်နှိပ်ရင် အရေအတွက် တိုးသွားပါတယ်။ ကုန်ပစ္စည်း ကုန်သွားရင် "ကုန်ပစ္စည်း ကုန်သွားပါပြီ" ဆိုတဲ့ Badge ပြပါလိမ့်မယ်။
- Search field နဲ့ ကုန်ပစ္စည်းအမည် ရှာနိုင်နိုင်သည်
- Camera icon နှိပ်ပြီး Barcode scan လုပ်နိုင်သည် (scan ဆက်လုပ်နေမည်၊ Done နှိပ်မှ ရပ်မည်)
- USB/Bluetooth Barcode Scanner ကို တွဲထားရင် အလိုအလျောက် ထည့်ပေးသည်

Checkout ဖွင့်ပြီး ငွေပေးချေမှုနည်းလမ်း ရွေးပါ
"ငွေရှင်း" ခလုတ်ကို နှိပ်ပါ — Cart အတွင်းက ပစ္စည်းများကို +/− ခလုတ်နဲ့ အရေအတွက် ပြင်ဆင်နိုင်ပြီး၊ လိုအပ်ရင် ဖောက်သည်အမည် ထည့်နိုင်ပါတယ် (Wholesale/VIP ဖောက်သည်ရွေးရင် ဈေးနှုန်း အလိုအလျောက် ပြောင်းပေးပါတယ်)။ ငွေပေးချေမှုနည်းလမ်းကို icon chip အနေနဲ့ ရွေးချယ်ပါ — ငွေသား၊ KBZPay၊ WavePay၊ AYAPay၊ CBPay သို့မဟုတ် အကြွေး။
- လျှော့ဈေး (Discount) ကို % quick chip (5/10/15/20%) နဲ့ လျင်မြန်စွာ ထည့်နိုင်သည်
- Staff mode မှာ လျှော့ဈေးထည့်ရန် Owner PIN လိုအပ်သည်

ပေးချေငွေ ရိုက်ထည့်ပါ
OS keyboard မဟုတ်ဘဲ Big-button numeric keypad ကိုသာ သုံးပါတယ် — ကောင်တာပေါ်မှာ လွယ်ကူစွာ ရိုက်နိုင်ရန်။ "အတိအကျ" chip ကို နှိပ်ရင် စုစုပေါင်းငွေအတိုင်း တစ်ခါတည်း ဖြည့်ပေးပါတယ်၊ ဒါမှမဟုတ် ကျပ်ငွေစက္ကူတန်ဖိုးအတိုင်း round-up chip တွေလည်း ရှိပါတယ်။ ပေးချေငွေ လျော့နည်းနေရင် ကျန်ငွေကို အကြွေးအဖြစ် အလိုအလျောက် မှတ်တမ်းတင်ပေးပါတယ် (ဖောက်သည်အမည် လိုအပ်ပါမည်)။

ရောင်းချမှု အတည်ပြုပါ
"ရောင်းချမှုအတည်ပြု" ခလုတ်ကို နှိပ်လိုက်တာနဲ့ ချက်ချင်း သိမ်းဆည်းပြီး — အကြွေရငွေ (ဒါမှမဟုတ် အကြွေးလက်ကျန်) ကို screen ပေါ်မှာပဲ ဆက်ပြထားပေးပါတယ်၊ ကျန်ငွေကို ရေတွက် ပြန်ပေးလို့ အဆင်ပြေအောင်ပါ။ ပရင်တာ ချိတ်ဆက်ထားရင် ပြေစာကို နောက်ကွယ်မှာ အလိုအလျောက် ပရင့်ထုတ်ပေးသွားပါလိမ့်မယ်။
သိထားသင့်တဲ့ Tips
Hold Sale — ဖောက်သည်တစ်ဦးရဲ့ Cart ကို ခဏ "သိမ်းထား" ပြီး၊ နောက်ဖောက်သည်ကို ဆက်ရောင်းနိုင်ပါတယ်။ App Bar ပေါ်မှာ Badge အရေအတွက် ပြသည်။
Offline-first — အင်တာနက် ပြတ်နေလည်း ရောင်းချမှု ဆက်လုပ်နိုင်ပြီး၊ ပြန်ရသည်နှင့် အလိုအလျောက် Sync ဖြစ်သွားပါတယ်။
Cart Clear — Cart ကို ရှင်းလိုက်ခင် confirm dialog ပြပေးသဖြင့် မတော်တဆ ဖျက်မိမှုမရှိပါ။
License သတိပေးချက် — License သက်တမ်းကုန်ရန် ၅ ရက်အတွင်း ကျန်ပါက Sell screen ပေါ်တွင်ပင် Banner ပြပေးသည်။
All In One POS ကို ယနေ့ပင် စမ်းကြည့်ပါ
2 လ အခမဲ့ စမ်းသပ်ကာလ — Card မလို၊ Sign up မလို။
ဒေါင်းလုပ်ဆွဲမည်