ဝန်ဆောင်မှုများ အားလုံး / အကြွေးစာရင်း
အကြွေးစာရင်း
Freeငွေအလျော့ပေးဝယ်တဲ့ (သို့) အကြွေးအဖြစ်ရောင်းချထားတဲ့ ဖောက်သည်တွေရဲ့ ကျန်ငွေကို ဖောက်သည် တစ်ဦးချင်းစီ အလိုက် ခြေရာခံနိုင်ပြီး၊ ပြန်ဆပ်ငွေကို မှတ်တမ်းတင်နိုင်ပါတယ်။
Free Plan တွင် အမြဲ ပါဝင်ပါသည် — Upgrade လုပ်စရာ မလိုပါ၊ Card မလိုပါ။
အဆင့်ဆင့် အသုံးပြုနည်း

အကြွေးကျန် ဖောက်သည်များ ကြည့်ပါ
Sell screen မှာ ငွေမလုံလောက်ဘဲ ရောင်းချမှု (သို့) "အကြွေး" ငွေပေးချေမှုနည်းလမ်းကို ရွေးထားတဲ့ ဖောက်သည်များ ဒီစာရင်းထဲ အလိုအလျောက် ရောက်ရှိလာပါတယ်။ ထိပ်ဆုံးမှာ စုစုပေါင်း ကျန်ငွေကို ပြပေးပြီး၊ Default အနေနဲ့ ကျန်ငွေရှိသေးသော ဖောက်သည်များသာ ပြသည် (All filter ဖြင့် အားလုံးလည်း ကြည့်နိုင်သည်)။

ဖောက်သည်ကို နှိပ်ပြီး ပြန်ဆပ်ငွေ မှတ်တမ်းတင်ပါ
ဖောက်သည်တစ်ဦးကို နှိပ်လိုက်ရင် ကျန်ငွေစုစုပေါင်းနှင့် အကြွေးရှိသော ပြေစာစာရင်းကို တွေ့ရမည်။ "ပြန်ဆပ်ငွေ မှတ်တမ်းတင်" ခလုတ်ကို နှိပ်ပါ — ပမာဏကို (ကျန်ငွေအပြည့်ကို Default ဖြင့် ဖြည့်ပေးထားသည်) ရိုက်ထည့်ပြီး၊ ငွေသား/KBZPay/WavePay/AYAPay/CBPay Payment method ရွေးပါ။ ဆပ်ငွေကို ဖောက်သည်ရဲ့ အကြွေးရှိသော ပြေစာများပေါ် FIFO စနစ်ဖြင့် အလိုအလျောက် ခွဲဝေပေးသွားသည်။
- Invoice Detail screen ကနေတိုက်ရိုက် "ပြန်ဆပ်ငွေ မှတ်တမ်းတင်" လုပ်လည်း ရသည်
သိထားသင့်တဲ့ Tips
အလိုအလျောက် ဖန်တီးသည် — Credit Customer ကို သီးသန့် "ထည့်" စရာမလိုပါ — Sell screen မှာ အကြွေးအဖြစ် တစ်ကြိမ်ရောင်းလိုက်တာနဲ့ ဒီစာရင်းထဲ ရောက်ပါလိမ့်မည်။
စာရင်းအင်း ကနေ — စာရင်းအင်း dashboard ပေါ်က "ရရန်ကျန်" ကို နှိပ်ရင် ဒီစာမျက်နှာကို တိုက်ရိုက် ရောက်ပါတယ်။
Aging Bucket & Export — Pill ၄ ခု (၀-၃၀ / ၃၁-၆၀ / ၆၁-၉၀ / ၉၀+ ရက်) ဖြင့် ကျန်ငွေတစ်ခုစီ ဘယ်လောက်ကြာပြီလဲ ပြသပြီး၊ App Bar က CSV Export ဖြင့် ငွေကောက်ခံရန်အတွက် ဖောက်သည်တိုင်းကို Bucket+ပမာဏနှင့်တကွ စာရင်းချနိုင်သည်။
All In One POS ကို ယနေ့ပင် စမ်းကြည့်ပါ
အခမဲ့ စတင်နိုင် — Card မလို၊ Account မလို။ Premium 2 လ Trial ကတော့ Owner Account တစ်ခုလျှင် တစ်ကြိမ်။
ဒေါင်းလုပ်ဆွဲမည်