ဝန်ဆောင်မှုများ အားလုံး / Premium
Premium
Local အတွက် အခမဲ့ အသုံးပြုမှုမှာ Account လိုအပ်မှု လုံးဝမရှိပါ။ Premium အတွက်သာ Owner Account ဖြင့် Sign in ဝင်ရန် လိုအပ်ပြီး၊ Owner တစ်ယောက်လျှင် တစ်ကြိမ်သာ 2 လ အခမဲ့ Free Trial စတင်နိုင်ပါတယ်။ ပြီးလျှင် Premium ကို Website (Card (သို့) Google Account ဖြင့်) (သို့) Viber ကနေ ဝယ်ယူ/သက်တမ်းတိုး နိုင်ပါတယ်။
အဆင့်ဆင့် အသုံးပြုနည်း

Owner Account ဖြင့် Sign In ဝင်ပါ
Sell/Records/Backup/Debt Repayment အပါအဝင် Local Free အသုံးပြုမှုတွေအတွက် Account လိုအပ်မှု မရှိပါ။ Premium အတွက်သာ လုပ်ငန်း (Shop) Tab → အကောင့် မှာ Email (သို့) Google ဖြင့် Sign in ဝင်ရပါမည်။ ပထမဆုံး Sign in ဝင်တာနှင့် Free Account အလိုအလျောက် ဖွင့်ပေးပြီး 2 လ Free Trial ကို Owner Account တစ်ခုလျှင် တစ်ကြိမ်သာ ရယူနိုင်ပါသည် (Device (သို့) ဆိုင်ခွဲအလိုက် ထပ်ခွင့်မပြုပါ)။

Premium Status ကြည့်ပါ
လုပ်ငန်း (Shop) Tab → Premium မှာ လက်ရှိ Plan (Free plan / Free trial / Monthly / Yearly)၊ အခြေအနေ (Active / Grace period / Expired) နှင့် သက်တမ်းကုန်မည့်ရက်စွဲကို Status Card နဲ့ ပြသည်။ အောက်မှာ Devices စာရင်းက ဒီဆိုင်ကို Sign in ဝင်ထားသည့် ဖုန်း/ကွန်ပျူတာများကို ပြသည် — Premium မှာ ၃ လုံး၊ Free မှာ ၁ လုံး — Slot လွတ်ရန် "ဖြုတ်ရန် (Release)" ခလုတ် တစ်ခုစီ ပါဝင်သည်။

Premium ဝယ်ရန် သို့မဟုတ် သက်တမ်းတိုးရန်
App ထဲကနေ ငွေပေးချေမှု လုံးဝ မကောက်ပါ — ဒီ Website (အပေါ်က ဈေးနှုန်း Section (သို့) /renew ကို Card (သို့) Google Account ဖြင့် တိုက်ရိုက်ဝင်ပြီး) (သို့) Viber ကနေ Support ကို ဆက်သွယ်ပြီး ဝယ်ယူ/သက်တမ်းတိုး နိုင်ပါတယ်။ စီစဉ်ပြီးသည်နှင့် App ထဲက "သက်တမ်းတိုး စစ်ဆေး" ကို နှိပ်လိုက်ရင် Owner Account အတွင်း Premium အလိုအလျောက် Unlock ဖြစ်လာပါလိမ့်မည် — Key ရိုက်ထည့်စရာ မလိုပါ။
သိထားသင့်တဲ့ Tips
Premium စမ်းကြည့်ရန် — Website ကနေ တိုက်ရိုက်ဒေါင်းလုပ်ဆွဲထားသော Build မှာ Premium စာမျက်နှာပေါ်က "Premium စမ်းကြည့်ရန်" ခလုတ်တစ်ချက်နှိပ်ရုံဖြင့် 2 လ Trial စတင်နိုင်သည်။ App Store / Play Build များမှာတော့ ဝယ်ယူမှု UI လုံးဝမပါဝင်သဖြင့် Support ကို ဆက်သွယ်ရန် လိုပါမည်။ နှစ်မျိုးစလုံးမှာ Owner Account တစ်ခုလျှင် တစ်ကြိမ်သာဖြစ်ပြီး ဆိုင်ခွဲအသစ်အတွက် အလိုအလျောက် ထပ်ပေးမည် မဟုတ်ပါ။
Grace Period — သက်တမ်းတိုးရန် အနည်းငယ်နောက်ကျသွားလျှင်လည်း Premium ကို ၁၄ ရက် (Grace) ထပ်ဖွင့်ပေးပြီး၊ ဒီအတွင်း သက်တမ်းတိုးလျှင် ယနေ့ရက်စွဲမှ မဟုတ်ဘဲ ဟောင်းသက်တမ်းကုန်ရက်မှ ဆက်တွက်ပေးပါသည်။
သက်တမ်းကုန်ရန် နီးလာချိန် — ၅ ရက်အတွင်း ကျန်ပါက Sell Screen ပေါ်တွင်ပင် Banner ဖြင့် သတိပေးသည်။
Offline မှာလည်း အလုပ်လုပ်သည် — Digital Signature ပါသော Receipt (Ed25519) ဖြင့် Offline မှာလည်း Premium ကို စစ်ဆေးနိုင်သည်။ Receipt မရှိ (သို့) အဟောင်းကျနေလျှင် Online တစ်ကြိမ် ပြန်စစ်ပေးရန် လိုမည်ဖြစ်သော်လည်း Sales အလုပ်လုပ်ဆက်နိုင်ပါသည်။
Premium မရှိလည်း ရနေသေးသော Free Features — Local Records၊ Outbox၊ Core Sales၊ Basic Summary၊ Backup/Raw Export နှင့် Debt Repayment တို့ကို Premium သက်တမ်းကုန်သည့်တိုင် (သို့) လုံးဝမဝယ်ထားသည့်တိုင် ဆက်လက်အသုံးပြုနိုင်ဆဲဖြစ်သည်။
All In One POS ကို ယနေ့ပင် စမ်းကြည့်ပါ
Owner Account နဲ့ 2 လ အခမဲ့ စမ်းသပ်ကာလ — Card မလိုပါ။
ဒေါင်းလုပ်ဆွဲမည်